Medic Journey သည် ကျွမ်းကျင်သော နိုင်ငံတကာဆရာဝန်များနှင့် ကုသမှုလိုအပ်နေသူများကို အခမဲ့ ချိတ်ဆက်ပေးနေသည့် နိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်ပါသည်။
အိန္ဒိယ၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား အစရှိသောနိုင်ငံများမှထိပ်တန်းဆေးရုံများတွင် ကုသမှုခံယူလိုသူများအတွက် ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

မြန်မာနိုင်ငံမှ မထွက်ခွာမီ လိုအပ်သော ဆေးစစ်မှုများ စီစဉ်ပေးခြင်း။

ကုသမှုနှင့် ဆက်စပ်ဝန်ဆောင်မှုများအတွက် ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်ပေးခြင်း။

ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာတွင် ကူညီဆောင်ရွက်ပေးခြင်း။

လေယာဉ်လက်မှတ်များ စီစဉ်ပေးခြင်း။

ဆေးရုံနှင့်နီးသော နေရာများတွင် နေရာထိုင်ခင်း အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

သွားလာရ လွယ်ကူစေရန်အတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးခြင်း။

ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနေစဉ် ဘာသာစကား အတားအဆီးများကို ကျော်လွှားနိုင်ရန် အတွေ့အကြုံရှိ ဘာသာပြန်သူကို ပံ့ပိုးပေးခြင်း။

မြန်မာနိုင်ငံရှိ ဆရာဝန်များထံ လိုအပ်သော ဆေးမှတ်တမ်းများ ပြန်လည်ပေးပို့နိုင်ရန် နိုင်ငံခြားဆေးရုံများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် ဆရာဝန်များ၏ ညွှန်ကြားချက်များကို အခြေခံ၍ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊

မိတ်ဆွေတို့ရဲ့ နိုင်ငံခြားဆေးကုသမှုခရီးစဉ်များချောမွေ့ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် စိတ်ဖိစီးမှုကင်းဝေးစေရန် Medic Journey မှအကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။






No comments:

Post a Comment

Subscribe Us on Youtube

like us on facebook